အဆိပ်ဆူး၏ ပုံဆောင်ချက်
လွန်ခဲ့သော နှစ်(၅၀)ခန့်က ကျွန်တော့် ကို ပျားအုပ်လိုက်တုပ်သဖြင့် သူငယ်ချင်း`ဂျေး အယ်လီယော့´ ၏ အိမ်ရှေ့ တံခါးမှ ဖြတ်ပြေးဝင်ခဲ့သည်။ ထိုစဉ်က ဂျေး၏ အထိတ်တလန့်မျက်နှာကို ယနေ့တိုင် မြင်ယောင် ဆဲပါ။ သူ့အိမ်နောက်တံခါးမှ ထွက်ပြေးခဲ့၍ပျားများ လိုက်မလာတော့ပါ။ သို့သော် ဂျေး၏ အိမ်ထဲ၌ ပျားများကိုချန်ထားသကဲ့သို့ ဖြစ်သွားပြီး ခဏ အကြာတွင် ဂျေးလည်း အနောက်တံခါးမှပြေး ထွက်လာသည်။ ကျွန်တော်ခေါ်လာသည့်ပျားများ က သူ့ကိုလိုက်တုပ်လေပြီ။
ကျွန်တော်က ဆယ်ချက်ကျော်မျှ ပျားတုပ်ခံရပြီး ဘာမှမဖြစ်၊ အဆိပ်အနည်းငယ်သာ တက်သည်။ ဂျေးမှာမူ တစ်ချက်နှစ်ချက်မျှသာ အတုပ်ခံရသော်လည်း ဓာတ်မတည့်မှုကြောင့် မျက်လုံးနှင့်လည်ချောင်းတို့ ရောင်ရမ်းလာသည်။ ကျွန်တော့်ကြောင့် သူငယ်ချင်းမှာ ပြင်းထန်သော နာကျင်မှုဝေဒနာ ခံစားခဲ့ရသည်။
၎င်းသည် ကျွန်ုပ်တို့ အချင်းချင်း ပေါင်းသင်းဆက်ဆံရေး၏ ပြယုဂ်ဖြစ်သည်။ မိမိ၏အပြုအမူသည် သခင်ခရစ်တော်ကဲ့သို့ မဟုတ်သောအခါ တစ်ပါးသူကို နာကျင်…
“ညှာတာမှုမဲ့”
ကျွန်မ၏ကားလေးကို `ညှာတာမှုမဲ့´ ဟု နာမည်ပြောင်ပေးထားသည်။ တနင်္ဂနွေနေ့မနက် ဆိုလျှင် ၎င်း၏ညှာတာမှုမဲ့ပုံက အဆိုးဆုံးဖြစ်သည်။ ဘုရားကျောင်းအတွက် လိုအပ်မည့်ပစ္စည်းများကို ကျွန်မကားပေါ်တင်ပြီး ကားထဲဝင်ထိုင်ကာ တံခါး ပိတ်လိုက်သည်။ ဂျေး က ကားကို ဂိုဒေါင်ထဲမှ နောက်ဆုတ်ထွက်လိုက်သည်။ ထိုင်ခုံပေါ်နေရာ ကျသည်နှင့် ထိုင်ခုံခါးပတ်က သတိပေးသံ စတင် ထွက်ပေါ်လာတော့သည်။ ထိုအချိန်တွင် ကျွန်မက `ကျေးဇူးပြု၍ ခဏလေးစောင့်ပါ´ ဟုပြောမိသည်။ သို့သော် ကျွန်မခါးပတ်မပတ်မချင်း ဆက်တိုက် မြည်နေသံက `မညှာတာနိုင်ဘူး´ ဆိုသည့် သဘောဖြစ်မည်ပင်။
လောက၌ ညှာတာမှုကရုဏာမဲ့နေမည် ဆိုလျှင် ဘဝအသက်တာများ မည်သို့ဖြစ်မည်ကို စိတ်ကသိကအောက်ဖြစ်ရသည့် အသေးအမွားကိစ္စလေးက သတိပေးနေသည်။ ကျွန်မတို့ အယောက်စီတိုင်းကို လက်လွတ်စပယ်ပြုမူပြောဆိုမှုများအတွက် ဖြေရှင်းရန် ချက်ချင်း ဆင့်ခေါ်ခံရမည်ဖြစ်သည်။ နောင်တရရန်၊ အကျင့်ပြင်ရန်၊ အချိန်ရတော့မည် မဟုတ်ပါ။ ကျွန်မတို့အတွက် ခွင့်လွှတ်ခြင်းမရှိ၊ သနားခြင်းမရှိ၊ မျှော်လင့်စရာလည်း မရှိတော့ပါ။…
နာမတော်၏ အစွမ်းတန်ခိုး
နာမည်ပြောင်များသည် တစ်ခါတစ်ရံ လူတစ်ဦး၏ ထင်ရှားသောအကျင့်စရိုက် (သို့) ရုပ်သွင်ပြင်လက္ခဏာကို ဖော်ညွှန်းလေ့ရှိသည်။ မူလတန်းမှ ကျွန်တော့်ကျောင်းနေဖက်များက ကျွန်တော့်ကို `အသည်းစိုင်နှုတ်ခမ်းကြီး´ဟု ကြမ်းတမ်းစွာ ခေါ်ကြသည်။ ထိုစဉ်က ကျွန်တော့် နှုတ်ခမ်းများကလည်း အချိုးအစားမကျစွာ ကြီးမား နေခြင်းကြောင့်ဖြစ်သည်။ ဤနာမည်က အတည် မဖြစ်ခဲ့၍ ကျွန်တော်ဝမ်းသာလိုက်သည်မှာ ပြောစရာပင်မလို။
သို့သော် ဘုရား၏အံ့မခန်းကြီးမြတ် သော သဘောကိုဖော်ပြသည့် နာမတော်များ ကိုဖြင့် ကျွန်တော်မြတ်နိုးသည်။ ဘုရားသခင်သည် အလွန်ထူးခြားသည့် သွင်ပြင်လက္ခဏာ များနှင့်ပြည့်စုံပြီး၊ ၎င်း၏သဘောသဘာဝ၊ တတ်နိုင်တော်မူခြင်းတန်ခိုးတို့နှင့် စပ်လျဉ်းပြီး နာမတော်များစွာရှိသည်။ ထိုနာမတော်များထဲမှ အချို့ကိုဖော်ပြရလျှင် ဘုရားသခင်သည် -
အယ်လိုဟင်း(မ်) (Elohim) - ဘုရားတကာတို့၏ ဘုရား
ယေဟောဝါ ယိရေ (Jehovah Jireh) - ပြင်ဆင်ထောက်ပံ့သော ဘုရား
အယ် -…
စိတ်ရောဂါ ပြောင်းပြန်
၁၉၉၁ ခုနှစ်က မော်စကို မြို့တော် လမ်းမများပေါ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းမဖက် တော်လှန်ရေးနှင့် ပတ်သက်သော ရုပ်သံ သတင်း ကို ကြည့်ခဲ့ရသည်။ အာဏာရှင်စနစ် အောက်၌ နေထိုင်ရှင်သန်ခဲ့ရသည့် ရုရှားလူမျိုး များက “ကျွန်ုပ်တို့သည် လွတ်လပ်သူများကဲ့သို့ ပြုမူပါမည်” ဟု ရုတ်တရက်ကြေညာပြီး လမ်းမ များ ပေါ်တက်ကာ တင့်ကားများကို ရင်ဆိုင်ခဲ့ကြ သည်။ မည်သူက တကယ်ကြောက်နေပြီး၊ မည်သူက တကယ်လွတ်လပ်သည်ကို လမ်းပေါ် ထွက်မလာသော ခေါင်းဆောင်များ၏မျက်နှာနှင့် အပြင်ရှိ လူထု၏မျက်နှာများက ကွဲပြားခြားနားစွာ ဖော်ပြနေသည်။
ဖင်လန်နိုင်ငံရုပ်သံလိုင်းမှ မော်စကို မြို့တော်ရင်ပြင်မှ သတင်းများကို ကြည့်နေရင်း “ယုံကြည်ခြင်းသည် စိတ်ရောဂါပြောင်းပြန် တစ်မျိုးဖြစ်သည်” ဟု အနက်ဖွင့်မိသည်။ အမှန်တကယ် စိတ်ရောဂါခံစားနေရသူသည် ၎င်း၏ဘဝတစ်ခုလုံးကို အကြောက်တရား အမြင်တစ်ခုပေါ် အခြေခံထားသည်။
ယုံကြည်ခြင်းကမူ အကြောက်တရားနှင့်ဆန့်ကျင်ဘက် ဖြစ်သည်။ ယုံကြည်ခြင်းပြည့်ဝသူသည်…
တောင်ကုန်းများပေါ်သို့ မျှော်ကြည့်ခြင်း
ကော်ကိုဗာဒို တောင်ထိပ်ရှိ ကယ်တင်ရှင် ခရစ်တော် မတ်တတ်ရပ်ရုပ်ပုံသည် ကမ္ဘာ့အမြင့်ဆုံးခရစ်တော်ရုပ်တုများအနက် တစ်ခု ဖြစ်ပြီး၊ ထိုတောင်မှ ဘရာဇီးနိုင်ငံ ရီယို ဒီ ဂျဲနေရို မြို့တော်ကို လှမ်းမြင်ရသည်။ အမြင့် ၃၀ မီတာ အရှည်၊ ဆန့်တန်းသော လက်တော်အလျား ၂၈ မီတာ ခန့်ရှိသောခရစ်တော်ပုံ ပန်းပုရုပ်တု၏ အလေးချိန်မှာ ၆၃၅ မက်ထရစ်တန် ရှိသည်။ မြို့တော်၏နေရာဒေသတိုင်းမှ ထိုရုပ်တုကြီးကို နေ့ရောညပါ လှမ်းမြင်နိုင်သည်။ တောင်ကို တစ်ယောက်ယောက်က လှမ်းကြည့်လိုက်တိုင်း ကယ်တင်ရှင်ခရစ်တော်ပုံကို မြင်ရမည်။
ခရစ်တော်သည် ကယ်တင်ရှင်မျှသာ မဟုတ်၊ စကြဝဠာ၏ဖန်ဆင်းရှင်ဖြစ်ကြောင်း ဓမ္မသစ်ကျမ်းမှ ဖော်ပြထားပြီး၊ ဆာလံ ၁၂၁ တွင် ၎င်းကို ဖတ်ရှုနိုင်သည်။ “ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက် သောကြောင့်” (း၁-၂) ဘုရားသခင်ကိုမြင်ရန် ကျွန်ုပ်တို့၏…
မေးခွန်းမျိုးစုံစစ်မေးခြင်း
လောကဓံအဖြစ်ဆိုး ရိုက်ခတ်ချိန်များ တွင် မေးခွန်းများ ထွက်ပေါ်လာတတ်သည်။ ချစ်ရသူတို့ ဆုံးပါးသွားလျှင် ဘုရားသခင်ကို မေးခွန်းများစွာဖြင့် စောဒကတက်နိုင်သည်။ “ဘာ့ကြောင့် ဒီလိုဖြစ်ခွင့်ပေးရတာလဲ” “ဘယ်သူ့ အမှားလဲ” “ကျွန်ုပ်၏နာကျင်မှုများကို ဂရုမစိုက် ဘူးလား။” ဆယ်ကျော်သက်သမီး ဆုံးပါးသွား၍ ပူဆွေးသောက ခံစားရသော ဖခင်တစ်ယောက် အနေဖြင့် ထိုသို့သောမေးခွန်းမျိုးများကို တကယ် မေးခဲ့ဖူးပါသည်။
ခံစားရသော ဝေဒနာများကြောင့် မိတ်ဆွေများနှင့် ယောဘမြည်တမ်းညည်းတွားရာမှ ထွက်ပေါ်လာသော မေးခွန်းများကို ယောဘ ဝတ္ထုတွင် မှတ်တမ်းပြုထားသည်။ မိသားစု၊ ပစ္စည်းဥစ္စာ၊ ကျန်းမာခြင်း စသည်တို့ကို ယောဘ လက်လွတ် ဆုံးရှုံးခဲ့ရသည်။ “ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့် အလင်းကို ပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကို ပေးသနည်း။” ဟူ၍ ဘုရားသခင်ကို ယောဘမေးခဲ့သည် (၃း၂ဝ)။ ထိုကြောင့် “မျှော်လင့်စရာအခွင့် ရှိရမည်အကြောင်း ငါ့ခွန်အားကား အဘယ်သို့နည်း (၆း၁၁)၊”…
မရေမရာသော ကာလများ
စီးပွားရေးကျသည့် လွန်ခဲ့သောနှစ်များ က လူများစွာ အလုပ်ပြုတ်ခဲ့ကြသည်။ အလုပ် လက်မဲ့ဖြစ်သူများတွင် ကျွန်မခဲအိုလည်းပါခဲ့၍ ဝမ်းနည်းခဲ့ရသည်။ အဖြစ်အပျက်များနှင့် ပတ်သက် ၍ ဘုရားသခင်က သူတို့ကို စောင့်ရှောက်မည်ကို သိသောကြောင့် မတည်ငြိမ်မှု၊ မသေချာမရေရာ မှုများရှိနေသော်လည်း ငြိမ်သက်ခြင်း ခံစားရသည် ဟု ညီမက ကျွန်မထံစာရေးလာသည်။
ယေရှုကို ယုံကြည်သူများသည် မတည်ငြိမ်မှုများကြားမှာပင် ငြိမ်သက်ခြင်းကို ရရှိ သည်။ အကြောင်းမှာ ကောင်းကင်ဘုံရှင်အဘသည် သူ့သားသမီးများကိုချစ်ပြီး၊ သူတို့လိုအပ်ချက်များ ကိုလည်း ဖြည့်စွမ်းပေးနေကြောင်း စိတ်ချယုံကြည် ထားသောကြောင့်ဖြစ်သည် (မ ၆း ၂၅ -၃၄)။ ကျွန်ုပ်တို့၏ လိုအပ်မှုများကို ဖြည့်ဆည်းပေးပြီး ၊ငြိမ်သက်ခြင်း ပေးမည်ကို ယုံကြည်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကျွန်ုပ်တို့၌ ရှိသမျှသော စိုးရိမ်ပူပန်မှုအားလုံးကို ကိုယ်တော့်ထံ ယူဆောင်နိုင်ပါသည် (ဖိ ၄း၆-၇)။
“အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်…
သေမင်း အန္တရာယ်
နှလုံး အဆုတ် ပုံမှန် အလုပ်လုပ် ခြင်းဖြင့် လူနာအား ပြန်လည်သတိရစေသောပြုစုနည်း - CPR သင်တန်းသို့ တက်ရသည့်အတွက် လော်ရဲန် ကိုနက်ကီ ဝမ်းသာနေသည်။ သို့သော် ၎င်း ပညာကို မြန်မြန်ဆန်ဆန် အသုံးချရလိမ့်မည်ဟု သူမထင်ခဲ့ပါ။ သူ့ဖခင်ကားပြင် နေစဉ် ဂျက်ချော်ပြီး ဖခင်အပေါ်ကို ကားပိသွားရာ (၂၂) နှစ်အရွယ် လော်ရဲန်သည် ကားအောက်မှ ဖခင်ကို ဆွဲထုတ်နိုင်ရန် (ပေါင် ၃၃၀၀) ခန့် လေးသောကားကို မလိုက်ပြီး သူရဲကောင်း ဆန်ဆန် ဖခင်ကို ဆွဲထုတ်နိုင်ခဲ့သည်။ ထို့နောက် ဆေးကုသမှု အကူအညီ မရောက်ခင်အထိ ရှေးဦးသူနာပြုနည်းဖြင့် ဖခင်ကို အသက်ရှူအောင် ပြုစုနိုင်ခဲ့သည်။
ဖခင်ကို သေမင်းအန္တရာယ်မှ လော်ရဲန် ကယ်ခဲ့ခြင်းအမှုထက် သာ၍ ကြီးမြတ်သောကယ်တင်ခြင်းမှာ ကျွန်ုပ်တို့အား အပြစ် ဝဲဂယက်မှ လွတ်မြောက်ရန် အသေခံပြီး၊ ရှင်ပြန်ထမြောက်သူ ယေရှု၏ကယ်တင်ခြင်း…
ရပ်တန့်နေရန် မဟုတ်
“အတိတ်ဟူသည် မရွေ့မလျား ရပ်တန့် နေရန် မဟုတ်၊ ရှေ့ဆောင်လမ်းပြရန်ဖြစ်သည်” ဟူသည့် စကားပုံကို ကြားဖူးပါမည်။ လွန်ခဲ့ သော နေ့ရက်များကို ကျွန်ုပ်တို့ မမေ့မပျောက် အမှတ်ရလွယ်သော်လည်း ထိုနေ့ရက်များမှ ရရှိ သော အတွေ့အကြုံများကို ရှေ့ခရီးအတွက် သင်ခန်းစာအဖြစ် အသုံးမပြုကြပါ။ ဖြစ်ပျက်ခဲ့ဖူး သော တစ်ချိန်က လွမ်းမောဖွယ် ဖြစ်ရပ်များကိုသာ တမ်းတလျက် မလှုပ်မရှား နစ်မွန်းနေကြသည်။
ဘုရားသခင်သည် ယေရမိကို “လူ အမျိုးမျိုးတို့၏ပရောဖက်” အဖြစ်ခန့်ထားရန် ခေါ် သည့်အချိန်တွင် ယေရမိသည် ယေရုရှလင် အနီးရှိ မြို့လေးတစ်မြို့မှ ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သည် (ယေ ၁း၅)။ ဘုရားသခင်ထံမှ ထွက်သွားသော ယုဒလူတို့အား ဘုရားသခင်၏စီရင်ခြင်းအကြောင်း ပြောကြားရန် ကြီးလေးသောတာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ယေရမိက သူသည် ဘုရား၏စကားတော်ကို ပြောကြားခြင်းဖြစ်ပြီး သူ့ဘာသာသူ ပြောခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်…
ကြီးထွားမှုမှတ်တမ်း
အကယ်၍ လက်ရှိနေထိုင်သည့်အိမ်မှ အခြားတစ်နေရာရာသို့ အိမ်ပြောင်းရွှေ့ရမည် ဆိုလျှင် မီးဖိုဆောင်နှင့်တွဲထားသည့် တံခါးကို ဖြုတ်ပြီး တစ်ပါတည်း ယူသွားချင်မိသည်။ အကြောင်းမှာ ကျွန်မကလေးများ နှစ်စဉ်မည်မျှ ကြီးလာသည်၊ အရပ်မည်မျှ ထွက်လာသည်ကို တိုင်းတာပေးရာတွင်၊ ထိုတံခါးသည် အရေးပါလွန်း လှသည်။ လတိုင်းလိုလို ခင်ပွန်းသည်နှင့်အတူ ကလေးများကို ထိုတံခါးနားကပ်၍ ရပ်ခိုင်းပြီး၊ သူတို့ဦးခေါင်းအထက်နားကို ခဲတံဖြင့်ခြစ်ပြီး မှတ်သားသည်။ ထို့ကြောင့် ကျွန်မသမီးသည် တစ်နှစ်တွင် အရပ် လေးလက်မခန့် ရှည်လာ ကြောင်း သိရသည်။
ကျွန်မကလေးများ သဘာဝအတိုင်း ကိုယ်ခန္ခာဖွံ့ဖြိုးလာသကဲ့သို့ တစ်ချိန်တည်းမှာပင် ခရစ်တော်ကဲ့သို့ ဝိညာဉ်ရေးရာ၌ ကြီးရင့်ခြင်းသဘောသည်လည်း အထိုက်အလျောက် ကြိုးစားမှုနှင့်အတူ အစဉ်အတိုင်း ဖြစ်ပေါ်နေပါသည်။ ရှင်ပေတရုက ယုံကြည်သူများအား “ကျေးဇူးတော်၌၎င်း၊ … ယေရှု ခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွားရန်” အားပေးသည် (၂ပေ ၃း၁၈)။ ခရစ်တော် တစ်ဖန် …